Vol. 40 No. 4 (2025) Articles
By Elliott Prasse-Freeman
Radical activists assess actions both for their relatively immediate effects and for their potential longer-term consequences. Provisional failures can become resources for future victories, while erstwhile successes can dissolve after apparent achievement. Drawing from ethnography with Burmese revolutionaries, this article shows how activists appear to engage two divergent temporal strategies divided by respective orientations toward failure: in one, activists inoculate themselves against failure by inhabiting constant struggles that efface ends by committing to means; in the other, activists embrace a contingent temporality vis-à-vis ultimate outcomes, thereby remaining responsive to evolving conditions. Yet as activists oscillate between them, the distinction dissolves, revealing that it is not time that is manipulated but various intersubjective renderings of actions’ efficacy. Ultimately, engagement with failure splinters activist subjectivity, generating an openness to both senses of temporality that aids activists in altering the understandings of temporality held by the non-activists they seek to transform.
တိုးတက်သော တက်ကြွလှုပ်ရှားသူများသည် ၎င်းတို၏ လုပ်ဆောင်ချက်များကို ချက်ချင်းဖြစ်ပေါ်လာနိုင်သည့် ရလဒ်များနှင့် ရေရှည်အကျိုးဆက်များ နှစ်ခုစလုံးအတွက် အကဲဖြတ်လေ့ရှိကြသည်။ တက်ကြွလှုပ်ရှားမှုဖြစ်စဉ်များ ယာယီကျရှုံးမှုများသည် အနာဂတ်အောင်ပွဲများအတွက် အရင်းအမြစ်များ ဖြစ်လာနိုင်သကဲ့သို တစ်ချိန်က အောင်မြင်ခဲ့သော အရာများသည် ထင်ရှားသော အောင်မြင်မှုရပြီးနောက်တွင်လည်း ပျက်ပြယ်သွားနိုင်သည်။ မြန်မာတော်လှန်ရေးသမားများနှင့် ပတ်သက်သည့် လူမျိုးနှင့် ယဉ်ကျေးမှု သရုပ်ခွဲခြင်း ပညာရပ် (ethnography) နည်းလမ်းဖြင့် သုတေသနပြုထားသော ဤဆောင်းပါးက တက်ကြွလှုပ်ရှားသူများသည် ကျရှုံးမှုအပေါ် ၎င်းတို၏ ကိုယ်ပိုင်သဘောထားများအရ ကွဲပြားသော အချိန်ကာလဆိုင်ရာ ဗျူဟာနှစ်မျိုးကို မည်သိုအသုံးပြုပုံကို ပြသထားသည်။ ပထမဗျူဟာတွင် တက်ကြွလှုပ်ရှားသူများသည် နည်းလမ်းများကို ဆက်လက်လုပ်ဆောင်ခြင်းဖြင့် ရည်မှန်းချက်များကို ပျက်ပြယ်စေသည့် အဆက်မပြတ် ရုန်းကန်လှုပ်ရှားမှုများတွင် ပါဝင်ခြင်းဖြင့် ကျရှုံးမှုကို ကာကွယ်ကြသည်။ ဒုတိယဗျူဟာတွင်မူ တက်ကြွလှုပ်ရှားသူများသည် နောက်ဆုံးရလဒ်များနှင့် ပတ်သက်၍ ဖြစ်ပေါ်လာနိုင်သော အချိန်ကာလကို လက်ခံကျင့်သုံးခြင်းဖြင့် ပြောင်းလဲနေသော အခြေအနေများကို တုံပြန်မှုရှိနေစေသည်။ သိုသော် တက်ကြွလှုပ်ရှားသူများသည် ၎င်းဗျူဟာနှစ်ခုကြားတွင် အတက်အကျ ပြောင်းလဲနေသောကြောင့် ခြားနားမှုမှာ ပျောက်ကွယ်သွားပြီး အချိန်ကို ကိုင်လှုပ်ခြင်းမဟုတ်ဘဲ လုပ်ဆောင်ချက်များ၏ ထိရောက်မှုဆိုင်ရာ အချင်းချင်းဆက်စပ်သိမြင်မှုဆိုင်ရာ အဓိပ္ပာယ်ဖွင့်ဆိုချက်အမျိုးမျိုးသာ ဖြစ်ကြောင်း ဖော်ပြနေသည်။ အချုပ်အားဖြင့်၊ အချိန်သည် ပြောင်းလဲ၍မရသော်လည်း ကျရှုံးမှုနှင့် ထိတွေ့ဆက်ဆံခြင်းက အဘယ်ကြောင့် တက်ကြွလှုပ်ရှားသူ၏ ပုဂ္ဂလပညတ် (subjectivity) သည် ပြောင်းလဲနိုင်သည်ကို ရှင်းပြထားသည်။ ဤပြောင်းလဲနေသော သဘောသဘာဝသည် တက်ကြွလှုပ်ရှားသူများအား ၎င်းတို့ပြောင်းလဲလိုသော တက်ကြွလှုပ်ရှားသူမဟုတ်သူများ၏ ကာလဒိဋ္ဌိ (temporality) ဆိုင်ရာ နားလည်မှုများကို ပြောင်းလဲရာတွင် အထောက်အကူပြုသည်။
activism; temporality; revolution; subjectivity; political ethnography; the event; Burma/Myanmar; တက်ကြွလှုပ်ရှားမှု; ကာလဒိဋ္ဌိ; တော်လှန်ရေး; ဘာသာသာဝယတာ; နိုင်ငံရေးနှီးနွှယ် ; လူမျိုးနှင့် ယဉ်ကျေးမှု သရုပ်ခွဲခြင်း ပညာရပ်; ဖြစ်ရပ်; ဗမာ/မြန်မာ
Copyright (c) 2025 Elliott Prasse-Freeman
This work is licensed under a Creative Commons Attribution-NonCommercial 4.0 International License.